Short Saver Life Assurance

မိမိနှင့် မိမိတန်ဖိုးထားရသည့် မိသားစုများ လူနေမှုဘဝ တိုးတက်မြင့်မားဖို့ရန်နှင့် အနာဂတ် ရည်မှန်းချက် ပြည့်ဝအောင်မြင်စေရန် တို့အတွက် နေ့စဉ်လှုပ်ရှား ကြိုးစားကြရပါသည်။ ရည်မှန်းချက်များဆီသို့ လျှောက်လှမ်း နေစဉ်အတွင်း မမျှော်လင့်နိုင်သည့် ဘေးအန္တရာယ်ဆိုးများနှင့် ကြုံတွေ့ခြင်းကြောင့် မိမိ၏မိသားစုဝင်များတွင် ဆုံးရှုံးမှုများစွာ ပေါ်ပေါက် လာသည့်အနက် ငွေကြေးဆိုင်ရာ ဆုံးရှုံးပူပန်မှုအတွက် ကျွန်ုပ်တို့ IKBZ မှအကာအကွယ် ပေးနေပြီဖြစ်ပါသည်။ ထို့အပြင် လူ့ဘ၀နေ၀င်ချိန် ငွေကြေးကိစ္စ မပူပင်ရပဲ သောကကင်းဝေး စေနိုင်ခြင်း၊ ထာဝစဉ်မသန်စွမ်းမှုကြောင့် ၀င်ငွေမရရှိနိုင်သည့်ခါ ဆေးကုသစရိတ်အတွက် အထောက်အပံ့ ရစေနိုင်ခြင်း တို့နှင့်အတူ ငွေစုဆောင်းခြင်း အလေ့အထအတွက်လဲ အထောက်အပံ့ဖြစ်စေမည် ဖြစ်ပါသည်။

Vertical Tabs

Product Features
Product Features

ဤအာမခံ အကြောင်းအရာ အချက်အလက်များ
ဤပေါ်လစီအရ မည်သူတို့ကို မည်သည့်အကာအကွယ်ပေးထားသနည်း
မိမိ၏ မိသားစုအနာဂတ်အတွက် ရည်မှန်းထားသည့် ကာလတစ်ခုခု ကုန်ဆုံးချိန်တွင် မျှော်မှန်းသည့် ငွေပမာဏစုဆောင်းမိစေရန် အထောက်အပံ့ကောင်းအနေဖြင့်သာမက မမျှော်လင့်သော ဖြစ်ရပ်များကြောင့် မိမိချစ်ခင်တန်ဖိုးထားရသော မိမိ၏မိသားစုအား စောင့်ရှေက်နိုင်ခြင်း မရှိသည့်အခါ ၄င်းတို့၏ လူနေမှုဘ၀ အခြေအနေမယိမ်းမယိုင် ဆက်လက်ရပ်တည်နိုင်ရန် ငွေကြေးအကာအကွယ် အနေဖြင့်လည်း ရပ်တည် ပေးနိုင်သည့် ပေါ်လစီဖြစ်ပါသည်။

 

အကာအကွယ် ရရှိနိုင်မည့် ဘေးအန္တရာယ်များ
ဤပေါ်လစီအရ အာမခံသက်တမ်းကာလအတွင်း မမျှောလင့်သော ဘေးန္တရာယ်များကြောင့် မတော်တဆ ထိခိုက်ဒဏ်ရာရမှုကြောင့် ဖြစ်စေ၊ နာမကျန်းဖြစ်ခြင်းကြောင့် ဖြစ်စေ အောက်ပါဖြစ်ရပ်များအတွက် အကာအကွယ် ပေးပါသည်။

  • သေဆုံးခြင်း
  • ထာဝစဉ်မသန်မစွမ်းဖြစ်ခြင်း

 

ဤပေါ်လစီအရ အကျုံးမ၀င်သောအဓိက ကိစ္စရပ်အချို့မှာ-

  • မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် (သို့) ဘေးအန္တရာယ် ဖြစ်စေတတ်သောဆေးဝါး မှီဝဲခြင်းကြောင့် ဖြစ်သည့် သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း
  • ကာလသားရောဂါဖြစ်ခြင်း
  • ကိုယ်တိုင် ရာဇဝတ်မှု ကျူးလွန်ခြင်း
  • ကိုယ်တိုင် အနာတရဖြစ်အောင် ဆောင်ရွက်ခြင်း
  • မိမိကိုယ်တိုင် သတ်သေခြင်း (အာမခံသက်တမ်းစတင်သည့်နေ့မှ တစ်နှစ်အတွင်း)
  • မိမိကိုယ်တိုင် သတ်သေခြင်းကြောင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း
Benefit
Benefit

IKBZ လုံခြုံစုပွား နှစ်တိုအသက်အာမခံ အကျိုးခံစားခွင့်များ

  • နှစ်စေ့ ပရီမီယံစုဆောင်းငွေ အကျိုးခံစားခွင့်
  • ထာဝစဉ်မသန်စွမ်း အကျိုးခံစားခွင့်
  • သေဆုံးမှု အကျိုးခံစားခွင့်

IKBZ လုံခြုံစုပွား နှစ်တိုအသက်အာမခံ ထားရှိခြင်းအကျိုးကျေးဇူးခွင့်များ

  • ဝင်ငွေခွန် သက်သာခြင်း။
  • ချွေတာစုဆောင်းသည့် အလေ့အထကောင်းရစေခြင်း။
  • အထက်ပါအာမခံ အကျိုးခံစားခွင့်ပေါ်တွင် အခွန်ကင်းလွတ်ခွင့်ရရှိခြင်း၊ ငွေဖြူဖြစ်ခြင်း။
  • အထက်ပါအာမခံ အကျိုးခံစားခွင့်များကို မည်သည့်အကြွေးရှင်မှ ၀ရမ်းမကပ်နိုင်ခြင်း။
  • အာမခံသက်တမ်းအတွင်း အရေးပေါ်ငွေလိုပါက အာမခံစာချုပ် တည်မြဲသောအခါတွင် အာမခံပေါ်လစီဖြင့် ချေးငွေထုတ်ယူနိုင်ခြင်း။
  • ပေးသွင်းသည့် ပရီမီယံပေါင်းထက် ပိုမိုသော အာမခံအကျိုးခံစားခွင့်အား ပြန်လည်ထုတ်ယူနိုင်ခြင်း။
How to Claim?
How to Claim?

အကယ်၍ မမျှော်လင့်သော ဘေးအန္တရာယ်ကြုံတွေ့ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ငွေကြေးအကာအကွယ် စိုးရိမ်ပူပန်မှုများကို ကျွန်ုပ်တို့ထံ လွှဲပြောင်းပေးပို့လိုက်ပါ။ IKBZ ရုံး (သို့) IKBZ ကိုယ်စားလှယ် (သို့) IKBZ ၀န်ထမ်းတစ်ဦးဦးမှ လျော်ကြေးတောင်ခံရာတွင် လိုအပ်သည့် ကိစ္စရပ်များအတွက် ညွှန်ပြကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသဖြင့်

  • IKBZ လုံခြုံစုပွား နှစ်တို အသက်အာမခံထားသူ တစ်ဦးဦးသည် အာမခံသက်တမ်းအတွင်း သေဆုံးခြင်း၊ ဒါဏ်ရာရှိခြင်း ဖြစ်ပွားခဲ့ပါက ကျွန်ုပ်တို့ထံ ချက်ချင်းအကြောင်းကြားပေးရန်သာ ရှိပါသည်။
  • လိုအပ်သော ဆေးစစ်ချက်များ၊ စာရွက်စာတမ်းများ၊ အထောက်အထားများ ပေးပို့ပေးရန် လိုအပ်ပါသည်။

IKBZ က လျော်ကြေးတောင်းခံရာတွင် အလျင်အမြန်ပေးလျော်နိုင်ရန်အတွက် အကူအညီများအား ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။

Vertical Tabs