“HR Strategies for Successful Business Performance” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့

၂၀၁၈ခုနှစ်၊ မေလ(၆)ရက်နေ့တွင် ရန်ကုန်မြို့ UMFCCI တွင် “HR Strategies for Successful Business Performance” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ IKBZ Insurance မှ Diamond Sponsor အဖြစ် ပူးပေါင်းပါဝင်ခဲ့ပါသည်။ IKBZ အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသောပုဂ္ဂိုလ်များအား လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအရေးကြီးကြောင်းနှင့် အာမခံလုပ်ငန်းအကြောင်း မြန်မာပြည်သူပြည်သားများအကြား ပိုမိုသိရှိပျံ့နှံ့လာပြီး အာမခံ၏အကျိုးကျေးဇူးများကို ရရှိစေရန်ရည်ရွယ်လျှက် ပူးပေါင်းပါဝင်ခဲ့ပါသည်။ ဟောပြောပွဲတွင် ပရော်ဖက်ဆာ ဒေါက်တာအောင်ထွန်းသက်နှင့် ဦးမျိုးသက်နိုင်တို့မှ စီးပွားရေးလုပ်ငန်းများ၏ စွမ်းဆောင်ရည်အောင်မြင်မှုရရှိစေရန် မဟာဗျူဟာမြောက် လူစွမ်းအားအရင်းအမြစ်များ စီမံခန့်ခွဲခြင်းနှင့် မိမိ၏လူ့စွမ်းအားအရင်းအမြစ် (Human Resource) ကို မည်သို့စီမံခန့်ခွဲနိုင်မည်ဆိုတာကို သီအိုရီနှင့် လက်တွေ့ဥပမာအကြောင်းအရာများဖြင့် ဆွေးနွေးပြောကြားသွားပါသည်။ ဆွေးနွေးပွဲသို့ စီးပွားရေးနယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် လက်တွေ့လုပ်ကိုင်နေကြသူများ စုစုပေါင်းလူဦးရေ(၈၀၀)ကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။
IKBZ အာမခံကုမ္ပဏီသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် စီးပွားရေးလုပ်ငန်းများကို ကာကွယ်ရန် အလုံးစုံမော်တော်ယာဉ်ထိခိုက်မှုအာမခံ၊ မီးနှင့်တွဲဖက်ဘေးအန္တရာယ်အာမခံ၊ ငွေပို့ငွေသယ်အာမခံ၊ ငွေသားလုံခြုံမှုအာမခံ၊ သမာဓိအာမခံ၊ ကုန်စည်ပို့ဆောင်ရေးအာမခံ၊ ခရီးသွားအာမခံ၊ ပြည်သူပြည်သားအသက်အာမခံ၊ စုပေါင်းအသက်အာမခံ၊ မြွေအန္တရာယ်အာမခံ၊ အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံ၊ ကျန်းမာရေးအာမခံ၊ တောင်သူလယ်သမားအသက်အာမခံ၊ ကိုယ်အင်္ဂါထိခိုက်မှုအာမခံ၊ ရေယာဉ်ကိုယ်ထည်အာမခံလုပ်ငန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ခရိုင်မြို့များတွင် ရုံးခွဲ (၁၉)ရုံးဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။