World Insurance Awareness Day

ဒီနေ့လေးကတော့ ကမ္ဘာ့အာမခံအသိပညာပေးရေးနေ့လေးဖြစ်ပါတယ်။ “လုံခြုံသောရှင်သန်ခြင်း” ဖြင့် နေထိုင်နိုင်ဖို့အတွက် အာမခံခြင်းအကြောင်းကို သင့်ပတ်ဝန်းကျင်မှာ ပြန်လည်မျှဝေပေးဖို့ တာဝန်ရှိပါတယ်နော်။

အာမခံဆိုသည်မှာ မိမိ၏ပိုင်ဆိုင်မှုကို မတော်တဆဖြစ်မှု၊ မမျှော်လင့်ထားသော အခြေအနေတစ်ခုခုကြောင့် ပျက်စီးဆုံးရှံးမှုဖြစ်ခဲ့ပါက ဆုံးရှုံးမှုအတွက် ထိခိုက်နစ်နာမှု မခံစားရအောင် ကာကွယ်ပေးခြင်းဖြစ်ပါတယ်။ ပိုင်ဆိုင်သော မော်တော်ယာဉ်၊ စီးပွားရေးလုပ်ငန်းသုံးယာဉ်များ၊ တိုက်တာအိုးအိမ်၊ ကျန်းမာရေး၊ အစရှိသည်တို့ကို အာမခံထားခြင်းဖြင့် စိတ်အေးချမ်းသာစွာ နေနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုလျှင် တစ်ဦးချင်းစီအတွက် သီးသန့် Policy များသတ်မှတ်ပေးပြီး ကာကွယ်ပေးနေလို့ပဲဖြစ်ပါတယ်။ စစ်မှန်သော အာမခံခြင်းသည် “လုံခြုံမှုဖြင့် ရှင်သန်ခြင်း” ဆိုသော ၀န်ဆောင်မှုပေးခြင်းဖြစ်ပါတယ်။