ကိုယ်အင်္ဂါထိခိုက်မှုအာမခံ

နေ့စဉ်လှုပ်ရှားသွားလာနေရသော သင်၏ကိုယ်ခန္ဓာသည် အသက်ရှင်လှုပ်ရှားနေသမျှ ကာလပတ်လုံး တန်ဖိုးမဖြတ်နိုင်သည့် အရာတစ်ခုဖြစ်ပါသည်။ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေရင်းဖြစ်စေ၊ သွားရင်းလာရင်းဖြစ်စေ၊ မမျှော်မှန်းနိုင်သော အကြောင်းတစ်ခုခုကြောင့်  မတော်တဆထိခိုက်မှုများဖြစ်လာနိုင်ပါသည်။ မတော်တဆထိခိုက်မှုများကြောင့် ကိုယ်အင်္ဂါဆုံးရှုံးမှုဖြစ်ခြင်း၊ ဆေးရုံတက်ရောက်ကုသမှုခံယူရခြင်း၊ အလုပ်မလုပ်လုပ်နိုင်ခြင်းနှင့် အသက်ဆုံးရှုံးမှုများအတွက် မိမိအတွက်သော်လည်းကောင်း မိမိချစ်မြတ်နိုးရသည့် မိသားစုဝင်များအတွက်သော်လည်းကောင်း ငွေကြေးအထောက်အပံ့ရရှိစေရန် Personal Accident Insurance ကိုယ်အင်္ဂါထိခိုက်မှုအာမခံ ထားရှိနိုင်ပါသည်။ အသက်(၁၆)နှစ် မှ အသက်(၆၅)နှစ်အတွင်းရှိသော ကျန်းမာရေးကောင်းမွန်သူတိုင်း ဝယ်ယူထားရှိနိုင်ပါသည်။ အသက်(၁၆)နှစ် မှ အသက်(၁၈)နှစ်အတွင်းရှိသူများအတွက် မိဘ (သို့မဟုတ်) အုပ်ထိန်းသူမှ ဝယ်ယူထားရှိပေးနိုင်ပါသည်။

Vertical Tabs

Vertical Tabs

ဤအာမခံ၏ အကြောင်းအရာအချက်အလက်များ
ဤအာမခံ၏ အကြောင်းအရာအချက်အလက်များ

အာမခံထားရှိသူရရှိမည့် အကျိုးခံစားခွင့်

  • အာမခံသက်တမ်းအတွင်း အာမခံထားသူ မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရလျှင်သော်လည်းကောင်း၊ သေဆုံးခဲ့လျှင်သော် လည်းကောင်း သတ်မှတ်ထားသည့် ရာခိုင်နှုန်းများအတိုင်း အကျိုးခံစားခွင့်ရရှိပါမည်။
  • ထိခိုက်ဒဏ်ရာရရှိခြင်းကြောင့် ဆေးရုံတက်ရခြင်းနှင့် အလုပ်မလုပ်ကိုင်နိုင်ခြင်းအတွက် ရက်သတ္တပါတ်လျှင် အာမခံထားငွေ၏ ၃%ဖြင့် အများဆုံးအာမခံထားငွေ၏ ၁၅%ထက်မပိုသော ငွေကြေးအားခံစားခွင့်ရှိပါမည်။
  • ဝင်ငွေမရှာနိုင်လောက်အောင် ပြင်းထန်စွာထိခိုက်လျှင် မစွမ်းမသန်ဟု သတ်မှတ်ပြီး အာမခံထားငွေအပေါ် ဆရာဝန်များက သတ်မှတ်သော မစွမ်းမသန်မှုရာခိုင်နှုန်းအရ အကျိုးခံစားခွင့် ပေးလျော်ပါမည်။