လုံခြုံစုပွား နှစ်တိုအသက်အာမခံ

မိမိနှင့် မိမိတန်ဖိုးထားရသည့် မိသားစုများ လူနေမှုဘဝ တိုးတက်မြင့်မားဖို့ရန်နှင့် အနာဂတ် ရည်မှန်းချက် ပြည့်ဝအောင်မြင်စေရန် တို့အတွက် နေ့စဉ်လှုပ်ရှား ကြိုးစားကြရပါသည်။ ရည်မှန်းချက်များဆီသို့ လျှောက်လှမ်း နေစဉ်အတွင်း မမျှော်လင့်နိုင်သည့် ဘေးအန္တရာယ်ဆိုးများနှင့် ကြုံတွေ့ခြင်းကြောင့် မိမိ၏မိသားစု၀င်များတွင် ဆုံးရှုံးမှုများစွာ ပေါ်ပေါက် လာသည့်အနက် ငွေကြေးဆိုင်ရာ ဆုံးရှုံးပူပန်မှုအတွက် ကျွနု်ပ်တို့ IKBZ မှအကာအကွယ် ပေးနေပြီဖြစ်ပါသည်။ ထို့အပြင် လူ့ဘ၀နေ၀င်ချိန် ငွေကြေးကိစ္စ မပူပင်ရပဲ သောကကင်းဝေး စေနိုင်ခြင်း၊ ထာဝစဉ်မသန်စွမ်းမှုကြောင့် ၀င်ငွေမရရှိနိုင်သည့်ခါ ဆေးကုသစရိတ်အတွက် အထောက်အပံ့ ရစေနိုင်ခြင်း တို့နှင့်အတူ ငွေစုဆောင်းခြင်း အလေ့အထအတွက်လဲ အထောက်အပံ့ဖြစ်စေမည် ဖြစ်ပါသည်။

Vertical Tabs

Product Features
Product Features

Vertical Tabs

ဤအာမခံ၏ အကြောင်းအရာအချက်အလက်များ
ဤအာမခံ၏ အကြောင်းအရာအချက်အလက်များ

ဤအာမခံ အကြောင်းအရာ အချက်အလက်များ
ဤပေါ်လစီအရ မည်သူတို့ကို မည်သည့်အကာအကွယ်ပေးထားသနည်း
မိမိ၏ မိသားစုအနာဂတ်အတွက် ရည်မှန်းထားသည့် ကာလတစ်ခုခု ကုန်ဆုံးချိန်တွင် မျှော်မှန်းသည့် ငွေပမာဏစုဆောငး်မိစေရန် အထောက်အပံ့ကောင်းအနေဖြင့်သာမက မမျှော်လင့်သော ဖြစ်ရပ်များကြောင့် မိမိချစ်ခင်တန်ဖိုးထားရသော မိမိ၏မိသားစုအား စောင့်ရှေက်နိုင်ခြင်း မရှိသည့်အခါ ၄င်းတို့၏ လူနေမှုဘ၀ အခြေအနေမယိမ်းမယိုင် ဆက်လက်ရပ်တည်နိုင်ရန် ငွေကြေးအကာအကွယ် အနေဖြင့်လည်း ရပ်တည် ပေးနိုင်သည့် ပေါ်လစီဖြစ်ပါသည်။

 

အကာအကွယ် ရရှိနိုင်မည့် ဘေးအန္တရာယ်များ
ဤပေါ်လစီအရ အာမခံသက်တမ်းကာလအတွင်း မမျှောလင့်သော ဘေးန္တရာယ်များကြောင့် မတော်တဆ ထိခိုက်ဒဏ်ရာရမှုကြောင့် ဖြစ်စေ၊ နာမကျန်းဖြစ်ခြင်းကြောင့် ဖြစ်စေ အောက်ပါဖြစ်ရပ်များအတွက် အကာအကွယ် ပေးပါသည်။

  • သေဆုံးခြင်း
  • ထာဝစဉ်မသန်မစွမ်းဖြစ်ခြင်း

 

ဤပေါ်လစီအရ အကျုံးမ၀င်သောအဓိက ကိစ္စရပ်အချို့မှာ-

  • မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် (သို့) ဘေးအန္တရာယ် ဖြစ်စေတတ်သောဆေး၀ါး မှီဝဲခြင်းကြောင့် ဖြစ်သည့် သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း
  • ကာလသားရောဂါဖြစ်ခြင်း
  • ကိုယ်တိုင် ရာဇဝတ်မှု ကျူးလွန်ခြင်း
  • ကိုယ်တိုင် အနာတရဖြစ်အောင် ဆောင်ရွက်ခြင်း
  • မိမိကိုယ်တိုင် သတ်သေခြင်း (အာမခံသက်တမ်းစတင်သည့်နေ့မှ တစ်နှစ်အတွင်း)
  • မိမိကိုယ်တိုင် သတ်သေခြင်းကြောင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း