ပြည်သူပြည်သားအသက်အာမခံ

လူ့ဘဝဆိုသည်မှာမွေးဖွားချိန်မှစတင်၍ ကွယ်လွန်သည့်နောက်ဆုံးအချိန်တိုင်အောင် ပျော်ရွှင်စရာကိစ္စများ သာမက ဝမ်းနည်းပူဆွေးစရာကိစ္စများလဲ ကြုံတွေ့ရမည်ဖြစ်ပါသည်။ ပျော်ရွှင်စရာကိစ္စများအား ပေါ့ပေါ့ပါးပါး ဖြတ်သန်းနိုင်ကြသော်လည်း ဝမ်းနည်းပူဆွေးဖွယ်ကိစ္စရပ်များအတွက် စိတ်ပူပင်သောကရောက်မှုကြောင့် ဖြတ်သန်းနိုင်ရန် ခက်ခဲစွာကြိုးစားကြရပါသည်။ ဝမ်းနည်းပူဆွေးဖွယ်ကိစ္စရပ်များအနက် မိမိတို့၏ ချစ်ခင် နှစ်သက်သူတစ်ဦးဦး ကွယ်လွန်ခဲ့ပါက ကျန်ရစ်သူမိသားစုအနေဖြင့် ယင်းအတွက် ဆောင်ရွက်စရာကိစ္စများ၊ ငွေကြေးကုန်ကျခံရမည့်ကိစ္စရပ်များပေါ်ပေါက်ပြီး စိတ်သောကရောက်စေမည်ဖြစ်ပါသည်။ ထိုသို့သော သေဆုံးသူခံစားရမည့် ငွေကြေးဆိုင်ရာဆုံးရှုံးမှုအတွက် ကျွန်ုပ်တို့ IKBZ အာမခံကုမ္ပဏီ၏ ပြည်သူပြည်သား အသက်အာမခံပေါ်လစီက အကာအကွယ်ပေးနေပြီဖြစ်ပါသည်။

ထို့အပြင် လူ့ဘဝ မိမိတို့နေဝင်ချိန် ငွေကြေးကိစ္စ မပူမပင်မကြောင့်မကြပဲ၊ သောကကင်းဝေးနေနိုင်စေရေး၊ မိမိ ရင်သွေးငယ်များ အရွယ်ရောက်ချိန် ပညာသင်စရိတ်အဆင်ပြေစေရေး၊ နာမကျန်းဖြစ်သည့်အခါ ဆေးကုသ စရိတ် အတွက်အထောက်အကူရရှိစေရေး၊ ငွေစုဆောင်းခြင်းအလေ့အထရရှိစေရေး အတွက်လည်း ကျွန်ပ်တို့၏ အသက်အာမခံပေါ်လစီက အထောက်အပံ့ဖြစ်စေမည် ဖြစ်ပါသည်။

Vertical Tabs

Product Features
Product Features

ပြည်သူပြည်သားအာမခံဆိုသည်မှာ အာမခံထားသူ သေဆုံးခဲ့လျှင် ကျန်ရစ်သော အကျိုးခံစားခွင့်ရှိသူများ၏ အကျိုးကိုအကာအကွယ်ပေးနိုင်ရန် ဖြစ်ပါသည်။

Vertical Tabs

ဤအာမခံ၏ အကြောင်းအရာအချက်အလက်များ
ဤအာမခံ၏ အကြောင်းအရာအချက်အလက်များ

ဤပေါ်လစီအရမည်သည်တို့ကို အကာအကွယ် ပေးထားသနည်း
လူတိုင်း၏ လူနေမှုဘဝအတွက် ငွေကြေးအကာအကွယ်နှင့် ရေရှည်စုဆောင်းငွေအတွက် ကာကွယ်ပေးနိုင် ပါသည်။ အာမခံထားသူ၏ မမျှော်လင့်သော၊ ကံမကောင်းအကြောင်းမလှသော သေဆုံးမှုကြောင့် ဖြစ်ပေါ်လာမည့် ငွေကြေးဆုံးရှုံးမှုများကို ကာကွယ်ထောက်ပံ့ပေးသည့်အပြင်၊ မိသားစု၏အနာဂတ်အတွက် ငွေစုဆောင်းပေးသည့် ပေါ်လစီလည်းဖြစ်ပါသည်။ အာမခံသက်တမ်းကုန်ဆုံးချိန်အထိ အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်ခြင်းမရှိခဲ့ပါက အာမခံထားငွေအား စုဆောင်းငွေတစ်ရပ်အဖြစ် ပြန်လည်ထုတ်ယူနိုင်မည် ဖြစ်ပါသည်။

 

အကာအကွယ်ရရှိနိုင်သည့် ဘေးအန္တရာယ်များ
ဤပေါ်လစီအရ အာမခံသက်တမ်းကာလအတွင်း အောက်ပါဖြစ်ရပ်များအတွက် အကာအကွယ် ပေးပါသည်။

  • သေဆုံးခြင်း
  • ဒါဏ်ရာရရှိခြင်း

 

ဤပေါ်လစီအရအကျုံးမဝင်သောအဓိက ကိစ္စရပ်များ
ဤပေါ်လစီအရ အကျုံးမဝင်သော အဓိကကိစ္စရပ်အချို့မှာ -

  • အရက်သေစာသောက်စားခြင်း
  • မူးယစ်ဆေးဝါးသုံးစွဲခြင်း
  • ဘေးအန္တရာယ်ဖြစ်စေတတ်သောဆေးဝါးမှီဝဲခြင်း
  • ကာလသားရောဂါဖြစ်ခြင်း
  • ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်း
  • ကိုယ်တိုင်အနာတရဖြစ်အောင်ဆောင်ရွက်ခြင်း

မိမိကိုယ်ကို သတ်သေခြင်း (အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း)

Tags: