မြွေအန္တရာယ်အာမခံ

မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်ဒေသများတွင်သာမက အချို့မြို့ပေါ်ရပ်ကွက်များတွင် အချိန်မရွေးနေရာမရွေး မြွေအန္တရာယ်ကြုံတွေ့ နိုင်ပါသည်။ ပြည်သူအများမြွေအန္တရာယ်ကြုံတွေ့ရပါက ဆေးမြီးတိုဖြင့်ကုသနေမည့်အစား ကျန်းမာရေးဌာနများကို ယုံကြည်ဆက်သွယ် အားကိုးမှုပြုလာစေရန်၊ ဆေးဝါးကုသစရိတ်အထောက်အပံ့ ရရှိစေရန်နှင့် မြွေကိုက်ခံရ၍အသက်ဆုံးရှုံးခဲ့ပါက ငွေရေးကြေးရေး အထောက်အကူရစေရန် ရည်ရွယ်လျှက် ကျွန်ုပ်တို့ IKBZ အာမခံကုမ္ပဏီက မြွေအန္တရာယ်အာမခံအား ဆောင်ရွက်ပေးနေပြီဖြစ်ပါသည်။

Vertical Tabs

Product Features

ဤအာမခံ၏ အကြောင်းအရာအချက်အလက်များ
ဤအာမခံ၏ အကြောင်းအရာအချက်အလက်များ

ဤပေါ်လစီအရမည်သည်တို့ကိုအကာအကွယ်ပေးထားသနည်း
အဆိပ်ရှိ မြွေအန္တရာယ်များမကြာခဏဖြစ်ပွားလေ့ရှိသည့် ကျေးလက်ဒေသများနှင့် အချို့မြို့ပေါ်ရပ်ကွက် များတွင် လုပ်ကိုင်နေသူများအတွက် မြွေကိုက်ခံရလျှင် ဆေးကုသစရိတ်ရရှိစေရန်နှင့် သေဆုံးသွားလျှင်လည်း ငွေရေးကြေးရေးအကျိုးခံစားခွင့် ရရှိစေရန် ကာကွယ်ပေးပါသည်။

အကာအကွယ်ရရှိနိုင်သည့်ဘေးအန္တရာယ်များ
ဤပေါ်လစီအရ အာမခံထားသူ၏ အာမခံသက်တမ်းအတွင်း အောက်ပါမတော်တဆ ဖြစ်ရပ်များအတွက် အကာအကွယ်ပေးပါသည်။

  • မြွေကိုက်ခံရ၍သေဆုံးခြင်း
  • မြွေကိုက်ခံရသော်လည်း အသက်မဆုံးရှုံးပဲ ခန္ဓာကိုယ်ချို့ယွင်းမှုဖြစ်ခြင်း

ဤပေါ်လစီအရအကျုံးမဝင်သောအဓိက ကိစ္စရပ်များ
ဤပေါ်လစီအရ အကျုံးမဝင်သောအဓိကကိစ္စရပ်အချို့မှာ -

  • မြွေကိုက်ခြင်းမှတစ်ပါး အခြားမည်သည့်အကြောင်းနှင့်မဆိုသေဆုံးခြင်း
  • ကိုယ်အင်္ဂါထိခိုက်အနာတရဖြစ်ခြင်း၊ ဆေးကုသခြင်းတို့အတွက် အကျိုးခံစားခွင့်မရပါ။

Tags: