မီးနှင့်တွဲဖက်ဘေးအန္တရာယ်များ အာမခံ

ဘဝတစ်လျှောက်တွင် အံ့သြစရာများ၊ ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေသည်မှာ မလွဲပေ။ အချို့မှာ သာယာပျော်ရွှင်ဖွယ်ဖြစ်သော်လည်း အချို့မှာထိုသို့မဟုတ်ချေ။ မီးနှင့်တွဲဖက်ဘေးအန္တရာယ် များကဲ့သို့သော သဘာဝဘေးအန္တရာယ်များသည် သင့်ဘဝအိပ်မက်များကို ဖျက်ဆီးပစ်နိုင်ပါသည်။ ထိုအခါကြီးမားသော ငွေကြေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမှာ သင့်ပခုံးပေါ်သို့ ကျရောက်လာ ပေမည်။ သို့ဖြစ်၍ ယင်းအခြေအနေမှ ကျော်လွှားနိုင်ပြီး သင့်လုပ်ငန်းများကို အခက်အခဲမရှိထိန်းချုပ်ဆောင်ရွက်သွားနိုင်ရေးအတွက် ကျွန်ပ်တို့ IKBZ မှ ရဲရဲကြီး အထောက်အကူပြုပေးနိုင်ပါသည်။

ထိုကြောင့် IKBZ မှ တာဝန်ယူပေးမည့် မီးနှင့်တွဲဖက်ဘေးအန္တရာယ်များ အာမခံပေါ်လစီဖြင့် သင့်၏မြတ်နိုးတန်ဖိုးထားရသော ပိုင်ဆိုင်ပစ္စည်းများကို ကာကွယ်စောင့်ရှောက်ပေးသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Vertical Tabs

Product Features
Product Features

Vertical Tabs

ဤအာမခံ၏ အကြောင်းအရာအချက်အလက်များ
ဤအာမခံ၏ အကြောင်းအရာအချက်အလက်များ

ဤပေါ်လစီအရမည်သည်တို့ကိုအကာအကွယ်ပေးထားသနည်း
ဤပေါ်လစီသည် (က) သဘောတူတန်ဖိုး (သို့မဟုတ်) (ခ) ဈေးကွက်ပေါက်ဈေးအပေါ်အခြေခံထား၍ အောက်ပါ ပိုင်ဆိုင်ပစ္စည်းများကို အကာအကွယ်ပေးပါသည်။

          (၁) အဆောက်အဦ (မြေတန်ဖိုးမပါ)
          (၂) စက်ရုံနှင့် စက်ယန္တယား၊ စက်ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများ
          (၃) ကုန်ပစ္စည်းများ (ကုန်ကြမ်း၊ ကုန်ချောနှင့် ထုတ်လုပ်ဆဲပစ္စည်းများ၊ လက်လီလက်ကားရောင်းချသူများနှင့် ထုတ်လုပ်သူများ၏ ကုန်ပစ္စည်းများ)
          (၄) ပရိဘောဂ၊ တပ်ဆင်ပစ္စည်းများနှင့် အခြားအတွင်းရှိပစ္စည်းများ

ခြွင်းချက် ။ ။ အတွင်းရှိပစ္စည်းများဟုဆိုရာ၌ ရွှေသတ္တု၊ ငွေသတ္တုနှင့် ကျောက်မျက်ရတနာများ၊ ကျပ် ၅၀,၀၀၀/- အထက်တန်ဖိုးရှိသော အနုပညာလက်ရာပစ္စည်းများနှင့် ထူးခြားဆန်းပြားသောပစ္စည်းများ၊ စာမူများ၊ စီမံချက်များ၊ ရုပ်ပုံကားချပ်များ၊ တံဆိပ်ခေါင်းများ၊ ငွေချေးသက်သေခံလက်မှတ်များ၊ စာချုပ်များ (သို့) စာရွက်စာတမ်းများ၊ ငွေအကြွေများ၊ ငွေစက္ကူများ၊ ချက်လက်မှတ်များ၊ ငွေစာရင်းစာအုပ်များ၊ ကွန်ပြူတာစနစ်မှတ်တမ်းများကို ဆိုလိုပါသည်။

 

ကာကွယ်ရရှိနိုင်သည့်ဘေးအန္တရာယ်များ

အခြေခံအကာအကွယ်များ
ဤပေါ်လစီသည် ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်း အမျိုးမျိုးတို့၏ မီးလောင်ကျွမ်းမှု ကြောင့်ဖြစ်စေ၊ မိုးကြိုးပစ်ခြင်းကြောင့်ဖြစ်စေ၊ အိမ်သုံးဓါတ်ငွေ့ပေါက်ကွဲမှုကြောင့်ဖြစ်စေ ပေါ်ပေါက်လာသည့် ဆုံးရှုံးမှု (သို့မဟုတ်) ပျက်စီးမှုတို့အတွက် အကာအကွယ်ရရှိပါမည်။

ထိုအပြင် အောက်ဖော်ပြပါဆုံးရှုံးမှုအမျိုးအစားများကိုလည်း ဤစံသတ်မှတ်ထားသော အာမခံပေါ်လစီမှ အကာအကွယ်ပေးပါသည်။

  • မီးသတ်ရာတွင် အသုံးပြုသည့်ရေကြောင့်ဖြစ်စေ (သို့) အခြားအရာတို့ကြောင့်ဖြစ်စေ ပျက်စီးဆုံးရှုံးသွားသည့် ပစ္စည်းများ၊ ပိုင်ဆိုင်ပစ္စည်းများ
  • မီးသတ်ဝန်ထမ်းများ၏ မီးညွှန့်ကျိုးစေရန်အလို့ဌာ ကပ်လျှက်ဥပစာ(အဆောက်အဦ) များအား ဆွဲချခြင်း ကြောင့် ဖြစ်ပေါ်သည့် ဆုံးရှုံးမှုများ
  • မီးအရှိန်မြင့်မားသောကြောင့် ပစ္စည်းများကို ဖယ်ရှားပြောင်းရွှေ့မှု ပြုစဉ်ပျက်စီးခြင်းများ (ဥပမာ - ပရိဘောဂပစ္စည်းများအား ပြူတင်းပေါက်မှ ပစ်ချခြင်းကြောင့် ပျက်စီးခြင်း)

 

အပိုအန္တရာယ်အကာအကွယ်များ
သင့်အနေဖြင့် အောက်ဖော်ပြပါ အခြားသောဘေးအန္တရာယ်များအတွက် အပိုအကာအကွယ်များအား ထပ်မံဝယ်ယူ ရရှိနိုင်ပါသည်

  • အဓိကရုဏ်း၊ သပိတ်မှောက်ခြင်းနှင့် မသမာဖျက်ဆီးမှုများ
  • လေယာဉ်ဖြင့် ထိခိုက်ပျက်စီးမှု
  • ကုန်းလမ်းသွားယာဉ်ဖြင့် ထိခိုက်ပျက်စီးခြင်း
  • မြေကျွံ၊ မြေပြိုခြင်း
  • မြေငလျင်မီး၊ မီးအပါအဝင်ငလျင်ကြောင့် ပြိုအက်ပျက်စီးမှု
  • ပေါက်ကွဲပျက်စီးမှု
  • အလိုအလျောက်မီးစွဲလောင်မှု
  • လေပြင်းမုန်တိုင်းအမျိုးမျိုး
  • ရေကြီးခြင်း၊ ရေလျှံခြင်း
  • ဖောက်ထွင်းခိုးယူမှု
  • စစ်ဘေးအန္တရာယ်

 

အကာအကွယ်မရရှိနိုင်သည့်ဘေးအန္တရာယ်များ

အကျုံးမဝင်သော ကိစ္စရပ်များ
အာမခံထားသော ပိုင်ဆိုင်ပစ္စည်းများသည် မီးလောင်ကျွမး်မှု၏ အကျိုးဆက်ဖြစ်သော အောက်ဖော်ပြပါတို့ကြောင့်  တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆုံးရှုံးခြင်း (သို့) ပျက်စီးခြင်း

  • မီးလောင်စဉ်နှင့် မီးလောင်မှုဖြစ်ပွားပြီးနောက် ခိုးယူခံရခြင်းကြောင့် ဆုံးရှုံးမှု
  • ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် မသန့်ရှင်းမှု
  • ရေဒီယိုသတ္တိကြွလှိုင်းများဖြစ်စေပြီး အဏုမြူ မြူမှုန်အဖြစ်အသွင်ကူးပြောင်းခြင်း (သို့) ရေဒီယိုသတ္တိကြွမှု ကြောင့် ညစ်ညမ်းစေခြင်း
  • အချဉ်ဖောက်ဓါတ်ပြုခြင်း၊ သဘာဝအပူလောင်ကျွမ်းခြင်း၊ အလိုအလျောက် မီးလောင်ကျွမး်ခြင်း၊ အပူပေးခြင်း၊ အခြောက်ခံခြင်းတို့ကြောင့် ဆုံးရှုံးပျက်စီးမှု
  • အာဏာပိုင်အဖွဲ့အစည်းအသီးသီး၏ အမိန့်ဖြင့် ပိုင်ဆိုင်ပစ္စည်းများကို မီးရှို့ဖျက်စီးခြင်းနှင့် မြေအောက်မီးလောင်ကျွမ်းခြင်း
  • အဏုမြုလက်နက်ဆိုင်ရာပစ္စည်းများကြောင့် ဆုံးရှုံးပျက်စီးခြင်း
  • သစ်တောများ၊ ခြုံနွယ်များ၊ မြက်ခင်းပြင်များ၊ မြက်ရှည်မြက်ခင်းများ၊ တောအုပ်များ၊ မီးလောင်ကျွမ်းမှုများနှင့် မြေယာများ မီးရှို့ရှင်းလင်းမှုများ
  • ပေါ်လစီတွင် ဖော်ပြထားသော အခြားအကျုံးမဝင်သော ကိစ္စရပ်များ

 

Tags: