ငွေသားလုံခြုံမှုအာမခံ

အောင်မြင်နေသော စီးပွားရေးလုပ်ငန်းတိုင်းအတွက် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှုများမှ အပြည့်အဝကာကွယ် ထားရှိရန် လိုအပ်မည်ဖြစ်ပါသည်။ လူတိုင်းလူတိုင်းသည် သိမ်းဆည်းထားသည့်ငွေကြေး (မီးခံသေတ္တာအတွင်းရှိ ငွေကြေး)နှင့် ပက်သက်၍ မကြာခဏစိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်လာလေ့ရှိတတ်ကြပါသည်။ ဤကဲ့သို့သော စိတ်မချမ်းမြေ့ဖွယ် အခြေအနေများမှ ကင်းဝေးနိုင်ရန် ဤပေါ်လစီမှ အထောက်အကူပြုပေးပါမည်။ တစ်ခါတစ်ရံ ဖောက်ထွင်းခံရသည့်၊ ခိုးယူခံရသည့် ဖြစ်ရပ်များတွင် သင့်အနေဖြင့် အကူအညီမဲ့သလို ခံစားနေရတတ်ပါသည်။

ယခုအခါအဆိုပါ အခြေအနေများအား အောင်မြင်စွာကျော်လွှားနိုင်ရေးနှင့် သင့်လုပ်ငန်းများအား ခိုင်ခိုင်မာမာ ထိန်းသိမ်းထားရှိနိုင်ပြီး အောင်မြင်မှုအိပ်မက်များကို လက်ဝယ်ပိုင်ပိုင် ရရှိနိုင်ရေးအတွက် ကျွန်ပ်တို့ IKBZ က ကူညီဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

Vertical Tabs

Product Features
Product Features

Vertical Tabs

ဤအာမခံ၏ အကြောင်းအရာအချက်အလက်များ
ဤအာမခံ၏ အကြောင်းအရာအချက်အလက်များ

ဤပေါ်လစီအရမည်သည်တို့ကိုအကာအကွယ်ပေးထားသနည်း

ဤပေါ်လစီသည် အာမခံထားသူ၏ ဥပစာရှိ သော့ခတ်ထားသည့် မီးခံသေတ္တာ၊ ခိုင်ခံ့သည့် အခန်းများအတွင်း၌ ထိန်းသိမ်းထားရှိသည့် ငွေသား၊ ဘဏ်နှင့် ငွေစက္ကူများ၊ ငွေအကြွေများ၊ သက်သေခံချက်လက်မှတ်များ၊ စာတိုက်ချက်လက်မှတ်များ၊ ချောပို့ငွေပို့လွှာများ၊ ငွေချေးသက်သေခံလက်မှတ်များနှင့် စာတိုက်တံဆိပ်ခေါင်းများကို ကာကွယ်ပေးပါသည်။

ခြွင်းချက် ။ ။ သို့ရာတွင် စာမူများ၊ ငွေစာရင်းစာအုပ်များ (သို့) မှတ်တမ်းစာအုပ်များအား အကာအကွယ်မပေးပါ။

 

အကာအကွယ်ရရှိနိုင်သည့်ဘေးအန္တရာယ်များ
ဤအာမခံအရ အောက်ပါဆုံးရှုံးမှုတို့အတွက် အကာအကွယ်ပေးထားပါသည်။

  • ဖောက်ထွင်းခိုးယူခံရခြင်း၊ လုယက်ခံရခြင်း
  • အတင်းအကြပ်ပြုခြင်းနှင့် အင်အားအသုံးပြုခြင်းကြောင့် ဆုံးရှုံးမှု

 

ဤပေါ်လစီအရအကျုံးမဝင်သောအဓိက ကိစ္စရပ်များ
ဤပေါ်လစီအရ အကျုံးမဝင်သောအဓိက ကိစ္စရပ်အချို့မှာ-

(၁) ဆုံးရှုံးမှုတစ်ရပ်ရပ်သည် သယ်ဆောင်သူ (သို့) စောင့်ရှောက်ထိန်းသိမ်းသူ တစ်ဦးမှအပဖြစ်သော၊ အာမခံထားသူ (သို့) အစုစပ်ဝင် (သို့) အလုပ်သမားတစ်ဦးဦး၏ လိမ်လည်လှည့်ဖျားမှု၊ မရိုးဖြောင့်မှု လုပ်ရပ်ကြောင့်ဖြစ်ပြီး၊ ယင်းသို့ ဖြစ်ပွားပြီးနောက် အလုပ်လုပ်ရက် (၃) ရက်အတွင်း ဖော်ထုတ်တွေ့ရှိခဲ့ခြင်း၊ ထိုသို့ ဖော်ထုတ်နိုင်ခြင်းမရှိမီ လိမ်လည်လှည့်ဖျားမှု၊ မရိုးဖြောင့်မှုလုပ်ရပ်ကို အကြိမ်မြောက်များစွာ ကျူးလွန်သည့် ကိစ္စရပ်များတွင် ဖော်ထုတ်တွေ့ရှိသည့်နေ့ကို စတင်ဖြစ်ပွားသည့်နေ့အဖြစ် မှတ်ယူရမည်ဖြစ်သည်။

(၂) အတုပြုလုပ်မှု၊ ဖလှယ်မှု (သို့) ဝယ်ယူမှုတစ်ခုခုအတွက် ငွေပေးချေခြင်း၊ စာရင်းတွက်ချက်မှု (သို့) ဂဏန်းသင်္ချာတွက်ချက်မှုနှင့် သက်ဆိုင်သည့် အမှားအယွင်းများ (သို့) မေ့ကျန်မှုများကြောင့် ဖြစ်ပေါ်သော မည်သည့်ဆုံးရှုံးမှုမဆို။

(၃) သမာဓိဆိုင်ရာ တာဝန်ခံမှုတစ်ခုဖြင့် အာမခံထားသော ဆုံးရှုံးမှုတစ်ရပ်ရပ်

(၄) စစ်ပွဲ (စစ်ကြေညာသည်ဖြစ်စေ၊ မကြေညာသည်ဖြစ်စေ)၊ ပြည်တွင်းစစ်၊ အကြမ်းဖက်ခြင်း၊ သပိတ်မှောက်ခြင်း၊ အဓိကရုဏ်းဖြစ်ပွားခြင်း၊ လူထုအုံကြွမှုကြောင့်ဖြစ်ပေါ်လာသော ဆူပူမငြိမ်မသက်ခြင်း၊ သူပုန်ထခြင်း၊ တော်လှန်ခြင်း၊ အာဏာပိုင်အဖွဲ့အစည်းအသီးသီး၏ အမိန့်ဖြင့် ပိုင်ဆိုင်ပစ္စည်းအားသိမ်းဆည်းခြင်းတို့ကြောင့် ဖြစ်ပေါ်သည့် မည်သည့်ဆုံးရှုံးမှုမဆို။

(၅) အဏုမြူဆိုင်ရာလက်နက်များ၊ ရေဒီယိုသတ္တုကြွလိုင်းများထွက်ပေါ်ခြင်း၊ အဏုမြူလောင်စာတစ်ခုခုမှ (သို့) အဏုမြူစွန့်ပစ်ပစ္စည်းတစ်ခုခုမှ ထွက်ပေါ်လာသော ရေဒီယိုသတ္တုကြွများနှင့် ညစ်ညမ်းမှုများကြောင့်ဖြစ်ပေါ်သော မည်သည့်ဆုံးရှုံးမှုမဆို။

(၆) မည်သို့သောအကြောင်းကြောင့်ပင်ဖြစ်စေ ဖြစ်ပေါ်လာသော မီးလောင်မှုကြောင့်ဖြစ်ပေါ်လာသည့် မည်သည့်ဆုံးရှုံးမှု (သို့) ပျက်စီးမှုမဆို။

(၇) ပေါ်လစီတွင်ဖော်ပြထားသည့် အခြားသော အကျုံးမဝင်သည့်ကိစ္စရပ်များ

 

Tags: