အပြည်ပြည်ဆိုင်ရာကမ္ဘာဇအာမခံမှ Asian Banking and Finance က ချီးမြှင့်သော "Domestic General Insurer of the year - Myanmar " နှင့် "Domestic Life Insurer of the year - Myanmar " ဆုများကို ၂၀၁၈ ခုနှစ် အတွက်လက်ခံရရှိ

စင်္ကာပူနိုင်ငံအခြေစိုက် Asian Banking and Finance  အဖွဲ့မှ နှစ်စဉ်ဆုများ ရွေးချယ်ပေးလျက်ရှိရာ အပြည်ပြည်ဆိုင်ရာကမ္ဘောဇအာမခံ (IKBZ Insurance) သည် ၂၀၁၈ခုနှစ်အတွက် ရွေးချယ်ချီးမြှင့်သည့် "Domestic General Insurer of the year  - Myanmar " နှင့် "Domestic Life Insurer of the year - Myanmar " ဆုများကို လက်ခံရရှိခဲ့သည်။ ဆုချီးမြှင့်ပွဲ အခမ်းအနားကို စင်္ကာပူနိုင်ငံ၊ Shangri-La  ဟိုတယ်တွင် ဇူလှိုင်လ (၁၂)ရက်နေ့ကကျင်းပခဲ့ပြီး အဆိုပါဆုများကို IKBZ အာမခံမှ ဒါရိုက်တာ ဦးမင်းသန့် နှင့် ကိုယ်စားလှယ်အဖွဲ့တို့မှ လက်ခံရယူခဲ့ပါသည်။ 

မြန်မာနိုင်ငံရှိ ငွေကြေးဆိုင်ရာနှင့် အာမခံဆိုင်ရာလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုပ်ငန်းစိန်ခေါ်မှုမြင့်မားခြင်းဖြင့် စွမ်းဆောင်ရည်တိုးတက်လာစေရန်ရည်ရွယ်၍ အာရှဒေသဆိုင်ရာ Asia Banking and Finance အဖွဲ့အစည်းမှ နှစ်စဉ်နှစ်တိုင်း ကုမ္ပဏီများ၏ ဘက်စုံကြိုးစား အားထုတ်မှုပေါ်အကဲဖြတ်ပြီး ဆုများ ပေးအပ်လျက်ရှိပါသည်။

IKBZ အာမခံကုမ္ပဏီသည် နိုင်ငံတော်မှ ပုဂ္ဂလိကအဖွဲ့အစည်းများအား အာမခံလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပေးသည့်ကာလနောက်ပိုင်း ဈေးကွက်ဝေစု အများဆုံးဖြင့် ပြည်သူများ၏ အာမခံလုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခြင်း၊ ဈေးကွက်ဝေစုပမာဏသာမက အာမခံလျှော်ကြေးငွေ လျှင်မြန်စွာ ထုတ်ပေးနိုင်ခြင်းအပါအဝင် အကောင်းဆုံးသော ဝန်ဆောင်မှုများစွာ ပေးအပ်နိုင်ခဲ့ကြောင်း၊ ယင်းကဲ့သို့ စံထားလောက်သော အရည်အသွေးများ၊ဝန်ဆောင်မှုများနှင့်နည်းပညာအသုံးချဆောင်ရွက်မှုကောင်းမွန်ခြင်းများကြောင့် Asian Banking and Finance မှ "Domestic General Insurer of the year  - Myanmar " နှင့် "Domestic Life Insurer of the year - Myanmar "  ဆုများကို 2017 ခုနှစ် နှင့် 2018 ခုနှစ်  (၂)နှစ်ဆက် ရရှိခဲ့ခြင်းဖြစ်ပါသည်